လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

လိပ်သို    ဇူလိုင်  ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟု သုတရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို  ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံကို  မျိုးဆက်သစ် လူငယ်များသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို  ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်နောက်ဆက်တွဲကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးစွဲလက္ခဏာများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်သိရှိစေရေးအတွက်  နံရံကပ် စာစောင်များပြသ ဆောင်ရွက်ထားရှိမှုများကိုဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)