ဆိပ်ဖြူမြို့နယ်တွင် ကုန်းမြေစိုက်ပျိုးတောင်သူများ မိုးသီးနှံများ စတင်စိုက်ပျိုး

ဆိပ်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကုန်းမြေစိုက်ပျိုးတောင်သူများ ဇူလိုင်လအတွင်း မိုးရွာသွန်းသည့်အတွက် မိုးသီးနှံများကိုစတင် စိုက်ပျိုးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ကုန်းမြေစိုက်ပျိုးတောင်သူများသည် နှစ်စဉ်ဇူလိုင်လအတွင်း၌ မိုးသီးနှံများကို စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလ၌ ပြန်လည်တူးဖော် ရိတ်သိမ်းကြသည်။ မိုးသီးနှံ ကုန်းမြေစိုက်ပျိုးတောင်သူများအနေဖြင့် မိုးနည်းရပ်ဝန်း ဒေသဖြစ်သည့်အတွက် ရရှိသော မိုးရေချိန်အပေါ်မူတည်၍ ဆီထွက်သီးနှံများ ဖြစ်သည့် မိုးမြေပဲ၊ မိုးနှမ်းနှင့် ပဲတီစမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင်ရှည်ဝါများကို အများဆုံး စိုက်ပျိုးဆောင်ရွက်ကြပြီး ဇွန်လအတွင်း၌ စိုက်ပျိုးမြေပြင် ထွန်ယက်ခဲ့ကာ ဇူလိုင်လ လယ်အတွင်း၌ စိုက်ပျိုးရန်လုံလောက်သည့် မိုးရေရရှိသည့်အတွက် မိုးသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ကုန်းမြေစိုက်ပျိုး တောင်သူများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)