လှိုင်းဘွဲ့ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကြီးကြပ်ရေး၍ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သောအချက်အလက်များအား မှန်ကန်စေရေးအတွက် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထုတ်ပေးလျက်ရှိပြီး လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀)ဦးကျော်ရှိကြောင်း၊ ရပ်နီး၊ရပ်ဝေး ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရန်အတွက် ပင်စင်လစာများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
စောဒိ(ပြန်/ဆက်)