မြဝတီမြို့၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟု သုတတိုးပွားစေရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

မြဝတီ  ဇူလိုင်  ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေ​ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အ-ထ-ကခွဲ(၃)ကျောင်းတို့ ၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားကာ အသိပညာ ဗဟုသုတတိုးပွားစေရေးပြီး ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေမည်ဖြစ်သည်။

အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန် စသည့်နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် သုတရသ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟု သုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဝန် ဆောင်မှုပေးသွားမည်​ ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)