တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တောင်တွင်းကြီး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်‌အေးမိုးမိုးမြင့်က ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ခွင့်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် ယခုလို  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်လင်းပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါ ညွှန်ကြားချက် အခန်း()တွင် ပါဝင်သည့် ရှောင်တစ်ခင်ခွင့်၊ ကူးစက်ရောဂါကာကွယ်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ လစာမဲ့ခွင့်၊  မီးဖွားခွင့်၊ အထူးမသန်စွမ်းခွင့်၊ ဆေးရုံခွင့်၊ သင်္ဘောသားနားမကျန်းခွင့်၊ ပညာလေ့လာဆည်းပူးခွင့် စသည်တို့ကို အကျယ်တဝင့် အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ‌ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)