ရွှေတောင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သက်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ နံနက်၉း၀၀နာရီမှ မွန်းလွဲ ၂း၀၀ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီးအငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် (၇၉၅)ဦး၊ ကာကွယ် ရေးပင်စင် (၁၀၅၃) ဦး၊ နိုင်ငံရေးပင်စင် ( ၁၁၂) ဦး၊ဘဏ်ပင်စင် ( ၁၇) ဦး စုစုပေါင်း ( ၂၃၇၇) ဦးရှိကြောင်းသိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သက်တောင့်သက်သာစိတ်အေးချမ်းစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)