ရေတာရှည်မြို့နယ် ဝါးတောကြီးကျေးရွာ(မူလွန်)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရေတာရှည်   ဇူလိုင်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ​ယမန်​နေ့  နေ့လယ်ပိုင်းက ​​ဝါးတောကြီးကျေးရွာ(မူလွန်)ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​အေးဆုစံက  စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက ကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံ​ပြောပြခြင်း၊  ကိုယ်လက်လှုပ်ရှား​ဆောင်ရွက်မှုများအား ကျောင်းသား၊ ​ကျောင်းသူများနှင့် အတူတကွပြုလုပ်ခဲ့သည်။

ထို့​နောက် ကလေးငယ်များ စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ခြင်မှဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ သက်ငယ်မုဒိမ်းကာကွယ်ရေးအသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာ​ပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ ဆက်)