ပန်းတနော်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပန်းတနော် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပသွယ်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုမောင်က စာအုပ်စာပေလူ့မိတ်ဆွေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွဋ်က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဥ်ဖြင့်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးအသိပညာပေး ခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် စာအုပ်စာစောင်ပြပွဲနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)