သရက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁ နာရီက ငါးဘတ်ကျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ငါးဘတ်ကျကျေးရွာနှင့် အုန်းမွှန်းတောကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)တို့က ငါးဘတ်ကျကျေးရွာနှင့် အုန်းမွှန်းတောကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုများအား ရှင်လင်းပြောကြားကာ ဒေသခံပြည်သူများ၏ သိရှိလို၍ မေးမြန်းချက်နှင့် တင်ပြချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)