ဝါးခယ်မ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေချောမွေ့စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာဝယ်ယူ စားသောက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အခွန်လွတ်ဈေးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအဖွဲ့များမှ ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှုန်းဖြစ်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၂၃၀)ကျပ်နှုန်းဖြစ် လည်းကောင်း၊ ဆန်တစ်ပြည် (၂၅၀၀) ကျပ်နှုန်းဖြစ်လည်းကောင်း၊ ဆီတစ်ပိဿာ(၄၄၀၀)ကျပ် နှုန်းဖြစ်လည်းကောင်း၊ ဟင်းသီးဟင်းရွက်များကိုပါ ဈေးနှုန်း သက်သာစွာဖြစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)