မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲပုံးလုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်  

မယ်စဲ့     အောက်တိုဘာ     ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒပြုရန် ပြန်လည်ပေးပို့လာသော ဆန္ဒမဲလက်မှတ်များအား ထည့်သွင်းနိုင်ရေး မြို့နယ်ကြိုတင်မဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ ရှေ့မှောက်တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးကို ချိတ်ပိတ် ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲလျောက်ထားသူ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ (၁၈၄)ဦး၊ နိုင်ငံခြားရောက်()ဦး၊ ပြည်နယ်အတွင်းမှ ()ဦး၊ ယနေ့အထိ စုစုပေါင်း (၁၈၆)ဦး ရှိပြီး သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာလျက်ရှိသည်။ ရောက်ရှိလာသည့် ကြိုတင်မဲများကို စာအိတ်အမှတ်စဉ် ရေး၍ ပုံစံ ၁၈()တွင် ဖြည့်သွင်းပြီး ကြိုတင်မဲ လက်မှတ်ပုံးထဲသို့ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)