တမူးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၁,၇၆၉) ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၃) ဦးဝင်ရောက် ယှဉ်ပြိုင်မည်

တမူး အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာ ထားမှုအရ မြို့နယ်အတွင်း မဲရုံ(၇၆) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၁,၇၆၉) ဦး ရှိကြောင်း သိရှိရသည်။

တမူးမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  လွှတ်တော် အသီးသီး၌ နိုင်ငံရေးပါတီ(၆) ပါတီဝင်ရောက် ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၆) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦး၊ တမူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း(၆) ဦး စုစုပေါင်း(၂၃) ဦး အသီးသီး ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း တမူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)