ဘိုကလေးမြို့နယ် ပညာရေးဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အလှူငွေ (၃၇)သိန်းကျော် လှူဒါန်း

ဘိုကလေး  အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပညာရေးဝန်ထမ်းများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘိုကလေးမြို့နယ်၏ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ (၃၇၂၅၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြသည်။

အဆိုပါစုပေါင်းအလှူငွေများအား ဘိုကလေးပညာရေးဝန်ထမ်းများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ယူ၍ မြို့နယ်ပြည်သူ့ ဆေးရုံအတွက် အလှူငွေ (၁၅၀၀၀၀၀) ကျပ်၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီသို့အလှူငွေ (၅၀၀၀၀၀)ကျပ်၊ ဘိုကလေးမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်()ဂိတ်အတွက် ()ဂိတ်လျှင် (၂၀၀၀၀၀)ကျပ်နှုန်းဖြင့် ()ဂိတ်အတွက် (၆၀၀၀၀၀)ကျပ်၊ မြို့နယ် ကြက်ခြေနီအသင်းအတွက် (၁၂၅၀၀၀) ကျပ်အပြင် မြို့အဝင်အထွက်ဂိတ်များမှ စေတနာ့ဝန်ထမ်းများ၊ အသွားအလာ ကန့်သတ်ထားရှိသူများနှင့် အတည်ပြု လူနာများအတွက် အာဟာရဒါန ပေးပို့လှူဒါန်းလျက်ရှိသည့် သုခဝေဖြာပရဟိတ ဖောင်ဒေးရှင်းအတွက် အလှူငွေ (၁၀၀၀၀၀၀)ကျပ်တို့အား သက်ဆိုင်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)