ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများ၊ နှာခေါင်းစည်းများနှင့် Hand Gel ဘူးများ လှူဒါန်း

ဘုတလင် အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ နှာခေါင်းစည်းများနှင့် Hand Gel ဘူးများကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင် နှင့် ဝန်ထမ်းများက Hand Gel ဘူး ၁၂ ဘူးနှင့် နှာခေါင်းစည်း အခု ၅၀ ပါ ၅၀ ဘူး၊ ဦးသီဟမင်းဆွေ၊ စိုးမြင့်မိုရ်၊ စိုးမိုးသူကုမ္ပဏီများအုပ်စုက အလှူငွေကျပ် သုံးသိန်း၊ Hand Gel ၁၂ ဘူးနှင့် နှာခေါင်းစည်း အခု ၅၀ ပါ ၅၀ ဘူးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မုံရွာမြို့၊ နန္ဒဝန်ရပ်မှ ဦးငယ်လေး+ဒေါ်ရီရီဆွေ မိသားစုက အလှူငွေကျပ် ငါးသောင်းနှင့် ဦးကျော်တင့်(လက်ပံကျောက်ထုတ်လုပ်ငန်း)မှ အလှူငွေကျပ် ငါးသောင်းတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင် များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)