ပန်ဆောင် ဇူလှိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ မြို့မစည်ပင်သာယာစျေး အတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ကျန်းမာရေးဦးစီးဌာန၊ မြို့ရဲတပ်ဖွဲ့ဝင်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုးက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာစျေးအတွင်းရှိ ဆေးဆိုင်များ၌ ဆေးဝါး မှတ်ပုံတင် ရရှိပြီးသော ပူးတွဲပါဆေးဝါးနှင့် ပုံစံတူ တုပရောင်းချနေသော မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါရှိသည့် တရားမင်တင်သွင်းထားသော ဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးများကို ရောင်းချမှုမရှိစေရန် လိုက်လံ စစ်ဆေးခြင်းဖြစ်ပြီး အဆိုပါဆေးများကို ရောင်းချခြင်းမပြုရန်လည်း မြို့ကျန်းမာရေးတာဝန်ခံက ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)