စုကလိ ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံး အနေဖြင့် (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင် (၃) အင်အားပြ ဦးကိုကိုအောင်က အာဇာနည်နေ့ပေါ်ပေါက်လာပုံ သမိုင်း အကျဥ်းကိုလည်းကောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ အတ္ထုပ္ပတိအကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး အင်အားပြ ဒေါ်စိုးမို့မို့ဌေးက လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံအခြေအနေတို့ကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များ၏ လွတ်လပ်ရေးကြိုးပမ်းမှု့ သမိုင်းမှတ်တမ်းကိုလည်းကောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ကိန်းအောင်းနိုင်မှသာ ယခုရရှိထားသော လွတ်လပ် ရေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ပါသည်။
အဆိုပါ အသိပညာပေး Talk Show များကို စုကလိမြို့ရုံးအနေဖြင့် တစ်လလျှင် (၅) ကြိမ်ခန့် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်