ဒေးဒရဲ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်သူများ အသားများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အသားတိုး ကြက်သားများကို ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မစျေးအနီးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဝန်ထမ်းများက ပြည်သူများအား ကြက်သား အချိန် (၅၀)ပိဿာအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းဖြစ်သည့် တစ်ပိသာလျှင် (၈၀ဝ၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက ပြည်သူများ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥများနှင့် စားသုံးဆီများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် အပတ်စဥ် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
အေဇာလင်း