မင်းတုန်း ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စုများတွင် တောင်သူများက ၂၀၂၃ မိုးရာသီ ဆီထွက်သီးနှံ မိုးနှမ်း (၁၅၉၆၉)ဧက စိုက်ပျိုးကြရာ အပင်များ သန်မာကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ မိုးနှမ်းများသည် ယခုအခါ အသီးများ သီးလျက်ရှိပြီ ဩဂုတ်လအထိ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အဆက်မပြတ် ရွာသွန်းမှုမရှိပါက နှမ်းသီးနှံများ ထိခိုက်ပျက်စီးမှု မရှိနိုင်တော့ကြောင်းနှင့် တောင်သူများက နှမ်းဈေးကောင်းရရှိရန် မျှော်လင့်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)