သံတောင်ကြီး ဇူလိူင် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံ ပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး ဇူလိူင်လ ဒုတိယပတ်မှစတင်၍ ပထမအကြိမ် တောင်ပေါ် ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ နွေရာသီတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိကာ (၁၀) ပိဿာလျှင် ကျပ် (၂၀၀၀၀) မှ ကျပ် (၂၅၀၀၀) အထိ ရရှိသော်လည်း မိုးတွင်းကာလတွင် အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်းပြီး တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ် (၇၀၀၀) မှကျပ် (၈၀၀၀) ထိသာ ရရှိပြီး ဆေးနှုန်းကျဆင်းကြောင်း တော်ပေါ်ကွမ်းရွက်ကြမ်း စိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးစောထူးထံက သိရသည်။
စောမင်းသား