တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၂၀

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့် တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ဗန်းမော်သိန်းဖေ၏ " မျှဝေလိုသောအတွေးများ-" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ဦးစီးမှူး  ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန် နှင့်နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင် ကြရမည့် အနာဂတ်လူငယ်များ ဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အနာခံမှအသာစံရမယ်ကိုယ့်အားကိုယ် ကိုးတက်ပါစေလောကြကြီးကိုကျေူဇူးမတင်တက်သူ၊ ရာထူးတိုးတာကို လိုချင်ရင် စသည့် စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည် သိရှိသည်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာရေးဆရာများဖြစ်ကြသည့် ဦးခင်မောင်ဝင်း(ညီရွှေဝင်း)၊ ဦးအောင်သက် (တောင် တွင်းအောင်သက်ဦး)နှင့်‌ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကို ရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ အမှတ်(၉၀) အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/ ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)