ကျွန်းစု ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် အမှတ်(၁)ရပ်ကွက် မြို့မစျေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် မိုးရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာအဟောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေပုံး၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)