မင်းဘူး (စကု) မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်

မင်းဘူး အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကြိုးကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉီးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၊ မန်းကြိုးကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့တွင် ၁၂-၁၀-၂၀၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၆၄)လုံး၊ အိမ်ထောင် စု(၆၄)စုမှ လူဉီးရေ(၁၆၃)ဉီးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၁၀၀ နှုန်းဖြင့် ဆန်ရိက္ခာ()ရက်စာ တန်ဖိုးငွေကျပ် (၃၄၂,၃၀၀) ကျပ်ကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်

ကျော်စိုးဝင်း(မင်းဘူး)