ဇီးကုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးသတ်တပ်ဖွဲ့စခန်းများက ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများပြုလုပ်

ဇီးကုန်း ဇူလိုင် ၁၉

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ  နံနက် ၁၀ နာရီ ၃၇ မိနစ်ချိန်က ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ   တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှူး ဦးသက်လွင်၏ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသောအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုတစ်မိနစ်ငြိမ်သက်ခြင်းနှင့် မီးသတ်ကားဥဩဆွဲခြင်းများဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ရောက်ရှိသည့်နေရာ၌ ရပ်တန့်အလေးပြုခဲ့ကြသည်။

ထိုကဲ့သို့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩစွဲခြင်း၊ အလေးပြုခြင်းများ ဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများတွင်လည်း နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)