နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်/ဆက်ဦးစီးဌာနရုံး၌ စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ ကျင်းပ

ထန်ပါခွေ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မျိုးထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်း တာဝန်ယူကြရမည့် ယနေ့လူငယ်တွေ အသိဉာဏ်ပညာ ကြွယ်ဝရေးနှင့် အသိပညာ ဗဟုသုတ ရှာဖွေ အသုံးချကြရေးတို့အတွက် စာပေများများ ဖတ်ကြရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်း အကြောင်းအား  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

၎င်းဟောပြောပွဲ အခမ်းအနားသို့ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထန်ပါခွေ(ပြန်/ဆက်)