မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအား သင်တန်းသူများက မင်္ဂလာပါသီချင်းဖြင့် သီဆိုကပြ၍ ဖွင့်လှစ်ပေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်သစ် စနစ်သစ်များနှင့်အညီ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ် မပြည့်သေးသော  ရှေးဦးအရွယ်ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်သော်လည်း မူလတန်းကျောင်းသို့  အပ်နှံခြင်းမပြုသေးရသော ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာတွင် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်န်းများကို ဒုတိယအကြိမ်ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ ECCD သီချင်း၊ Twinkle  Twinkle Little Star English သီချင်း၊ ပန်းကောက်တေးသီချင်း၊ ခေါင်းလေးလှုပ်ပါလားသီချင်းတို့ဖြင့် ကကြဖြော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြဆရာမကြီး ဒေါ်ခင်နွဲ့ ညွှန်ကြားရေးမှူး/ငြိမ်းအား ဂါရဝပြုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသူများက မြတ်ဆရာသီချင်းဖြင့် ဂါရဝပြုသီဆိုကပြ နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် နှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ သင်ထောက်ကူ လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

လူမှုဝန်ထမ်း ကယ်ဆည်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်ဘဝမှ ဘိုးဘွားများအထိ လုပ်ငန်းတာဝန်ကြီး(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အဓိကအကျဆုံးရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ထိရောက်စွာ သင်ကြားနိုင်ရေးအား အထူးအလေးထား၍ သင်ရိုးညွှန်းတန်းများနှင့်အညီ ယခုလိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသူ ၃၀ ဦးအား သင်တန်းနည်းပြ ဆရာဆရာမများက ဘာသာရပ် (၃၅)ခုကို ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၂၁ ရက် ကြာ သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)