ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဈေးရောင်း/ဈေးဝယ်ပြည်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေး

ကြံခင်း  အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဈေးရောင်း/ ဈေးဝယ် ပြည်သူများကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက စစ်ဆေးပြီး နှာခေါင်းစည်း Mask များ ပေးခြင်းဆောင်ရွက် ခဲ့ကြကြောင်းနှင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ပါဆယ်စနစ် ဖွင့်လှစ်ရောင်းချခြင်းများနှင့် နံနက် ၆ နာရီမှ နေ့လည် ၂ နာရီထိရောင်းချမှုများအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)