ဒိုက်ဦး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားသော “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးမျိုးမြင့်က တန်ဖိုးရှိသောလူ၊ Women Club အဖွဲ့ဝင် မခင်ဌေးဝင်းက ကံတူအကျိုးပေးဖေးဖေးမမ၊ Book Club အဖွဲ့ဝင် မအေးအေးစိုးက နှုတ်ဆိုစကား နားချိုစေတို့ကို ဖတ်ကြားခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)