နန်းယွန်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(၇၆)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်ရန် ရည်ရွယ်၍ ဇူလိုင်(၁၈)ရက်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသက်ဦးကြွယ်က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့အကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကြောင်းနှင့် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်းကို လည်းကောင်း၊ အထက်တန်းပြဆရာ ဦးဆိုင်းခန့်ချောက အာဇာနည်နေ့သမိုင်းကို လည်းကောင်း ကျောင်းသား၊ ကျောင်း သူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်(၇၆)နှစ်မြောက် အာဇာနည်နေ့အကြို နန်းယွန်းမြို့ အထက်တန်းကျောင်းတွင် ပြုလုပ်ယှဉ်ပြိုင်ခဲ့သော အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၆)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးသက်ကြွယ်ဦး၊ မြို့နယ်ဒုတိယကျောင်းအုပ်ဆရာကြီးဦးရှေးကမ်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးအရာရှိ ဦးဆောင်ကမ်၊ အထက်တန်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)