(၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ခန္တီး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က အာဇာနည်နေ့သမိုင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်း များအား ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက "ကိုးဦးဇာနည်လက်ချိုးသီ"နှင့် "မျိုးချစ်အာဇာနည်" စသည့်ကဗျာ (၂)ပုဒ်အနက် မဲနိုက်၍ ကျရာကဗျာဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြ သည်။

ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် နံရံကပ်စာစောင်နှင့် ခင်းကျင်းထားသည့် သုတ/ရသ စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)