သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြို မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာပေါင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဇူလိုင်လ ၁၃ ရက်နေ့က မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် အမှတ်(၂)ရပ်ကွက်၊ ဘေားလုံးကွင်းလမ်းတွင် နေအိမ်(၁)လုံးပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုများအား ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက အိမ်တိုင်ရာရောက် လက်ဝယ်သို့သွား‌ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒေါ်အိအိဝင်း (အငယ်တန်းစာရေး)၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးမြထွေးနှင့် အဖွဲ့ဝင်တို့က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ပြိုကျပျက်စီးခဲ့ရသည့် ဘောလုံးကွင်းလမ်းနေထိုင်သူ ဦးဝင်း‌မောင်အိမ်ထောင်(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၆၃၀၀)၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း ရန်ုပုံငွေ (၁၀၆၃၀၀)ကျပ်တို့ကို မိုးသက်လေပြင်းဘေးသင့် မိသားစုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)