မုံရွာခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက စစ်ကိုင်းတိုင်းဒေသကြီး တွင်ဘပထမဆုံးအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချစ်တွင်းမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်း ကာကွယ်တားဆီးရေးလှုပ်ရှားမှု(Campaign )နှင့် နန္ဒဝန်ဝန်ထမ်းအိမ်ရာ အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီးခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန  ခရိုင်တာဝန်ခံ ဒေါ်ဂျူလီယာက တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့် ကော်မတီဝင်များက အထွေထွေဆွေးနွေး တင်ပြမှုများအပေါ်  ကော်မတီဥက္ကဋ္ဌမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်()ခုကို အတည်ပြုဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)