(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစာ‌င်ပြပွဲကျင်းပ

မအူပင် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအေးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိများနှင့် လုပ်ကြံခံရမှုများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန် ရှင်းလင်းဟောပြောသည်။

၎င်းနောက် အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်၊ စာ‌အုပ်စာ‌စောင်များနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ပန်းချီများ၊ စာစီစာကုံးများအား ကျောင်းသား‌/ကျောင်းသူများ၊ ဆရာ/ ဆရာမများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)