အိမ်မဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကျင်းပ

အိမ်မဲ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံစီးပွားမြှင့်တင်ရေး ခရိုင်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ပေးအပ်ရသည့် ရည်ရွယ်ချက် များကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက တောင်သူများအား သွင်အားစုများ ပေးအပ်ခဲ့ရာ ညောင်ကုန်း ချောင်းဖျားကျေးရွာအား ယူရီးယားနှင့် ကွန်ပေါင်း (၁၄၀)အိတ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအား ယူရီးယားနှင့် ကွန်ပေါင်း (၃၀၀)အိတ်၊ ကန်ကြီးဒေါင့်ကျေးရွာအား ယူရီးယားနှင့် ကွန်ပေါင်း (၄၄၀)အိတ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)