မြောင်းမြ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အ-မ-က (မူလွန်) ဘုရားချောင်း(ရပ်)ကျောင်း၌ (၇၆)နှစ် မြောက်အာဇာနည်နေ့(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြောင်းမြခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အာဇာနည်နေ့ အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ပြီး အ-မ-က (မူလွန်) ဘုရားချောင်း (ရပ်) ကျောင်းမှ ဆရာမ ဒေါ်မြင့်သက်မော်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)