အိမ်မဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ဆက်လက် ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းတို့က စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်မှ စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဥ်း၍ဖော်ပြရမည့် အာမခံချက်များအကြောင်းနှင့် စာသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ အကြောင်းတို့ကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြ သည်။
အဆိုပါစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show များရိုက်ကူးတင်ဆက်ပေးခြင်း ကြောင့်ပြည်သူများ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်ပေ့တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ချစ်သက်လယ် (အိမ်မဲ)