ရွှေဘို ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့်ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) ချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဌာနဆိုင်ရာများ၊ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့်ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးက ကျောင်းသားမောင်မယ် လူငယ်လေးများအနေဖြင့် အာဇာနည်စိတ်ဓါတ်ကိုအတုယူပြီး တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်သည့် စိတ်ဓါတ်များကိန်းအောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာစီစာကုံးကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား/သူများအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးနှင့် ဒုပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီတို့ကဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် "ပြည်သူသို့ရည် အာဇာနည်"စာစီစာကုံးခေါင်စဥ်ဖြင့်လည်းကောင်း၊ "စွန့်လွှတ်စွန့်စား အာဇာနည်များ" ကဗျာခေါင်းစဥ်ဖြင့်လည်းကောင်း"အာဇာနည်နေ့နှင့် ကျွန်ုပ်တို့၏တာဝန်"ဆောင်းပါးခေါင်းစဥ်များဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၉) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)