ဝါးခယ်မ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးမှုအဆင်ပြေ ချောမွေ့စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် အခြေခံစားသောက် ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာဝယ်ယူ စားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အခွန်လွတ်ဈေးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအဖွဲ့များမှ ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှုန်းဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြစ်လည်းကောင်း၊ ဆန်တစ်ပြည်(၂၅၀၀)ကျပ် နှုန်းဖြစ်လည်းကောင်း၊ ဆီတစ်ပိဿာ (၄၃၀၀) ကျပ်နှုန်းဖြစ်လည်းကောင်း မြို့ပေါ်ရပ်ကွက်များဖြစ်သော မင်းပိုင်း ရပ်ကွက်၊ သံကြိုးတိုင်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့တွင် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)