ကော့သောင်း ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများ ပြောကြားပြီး ကော့သောင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက "၁၉ ဇူလိုင် မမေ့နိုင်" ခေါင်းစဉ်ဖြင့် ဖြေဆိုချိန် (၂)နာရီအတွင်း ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဖြေဆိုထားသော စာစီစာကုံးများကို စိစစ်အကဲဖြတ်အဖွဲ့မှ အမှတ်ပေးခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)