လှိုင်းဘွဲ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးငယ်များအနေဖြင့် ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ရှိသော ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲ ကလေးငယ် များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ် နိုင်ရန်အတွက် လအလိုက်ထိုးနှံရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/တိုက်ကျွေးခြင်းတို့ကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဒိ