ကော့ကရိတ် ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်သူများနှင့် Youth Clubအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ ‘’လူငယ်နှင့်အကောင်းဆုံးသောဘ၀ကို တည်ဆောက်ခြင်း’’ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၅ရက်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးရာ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသော ဘ၀ကိုတည်ဆောက်ခြင်း" စာအုပ်ထဲမှ လူ့ယဥ်ကျေးမှုဟာ ဟီရိသြတ္တပတရားဆိုတဲ့ ရှက်ကြောက်စိတ်တွေ သိက္ခာတွေနဲ့ တည်ဆောက်ထားခြင်းဖြစ်တယ် ဆိုသည့်“ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်” ခေါင်းစဥ်အား Youth Clubအဖွဲ့ဝင်များဖြစ်ကြသည့် မဆုမြတ်နိုးလွင်ကလည်းကောင်း၊ "လူငယ်တွေဟာ အလှအပကိုမက်မောတာ မဆန်းပါဘူး ဆိုသည့်" "လူငယ်နှင့်အလှအပ"ခေါင်းစဥ်ပါအကြောင်းအရာတို့ကို မလင်းလက်ကလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များမှ စာအုပ်ပါ အကြောင်း အရာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ကေ့ာကရိတ်ခရိုင် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်မားစေရေး၊ စာကြညွ့်တိုက်ကို ပြည်သူများရင်းနှီး အသုံးချတက်စေရေးအတွက် စာပေချစ်သူများနှင့် လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
KMW(ခရိုင်ပြန်/ဆက်)