သာပေါင်းမြို့နယ် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သာပေါင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူကလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်တို့က ကျေးဇူတင်ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၃)ဘာသာဂုဏ်ထူးရှင်(၅၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၇၉)ဦး၊ (၁)သာသာဂုဏ်ထူးရှင် (၉၈)ဦး ပေါင်း(၂၃၄)ဦး တို့အား တာဝန်ရှိသူများက ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ တယောဖြင့် တီးခတ်၍ “ဇာတိမာန်” သီချင်းသီဆို၍ ဆုပေးပွဲ အခမ်း အနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်