ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လေထုညစ်ညမ်းမှုဆိုင်ရာအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကလေး ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က Talk Show ကျင်းပခြင်းနှင့် ပတ်သက်၍ ဦးစွာဆွေးနွေး ပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဦးဉာဏ်လင်အောင်က အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေ သော အကြောင်းအရင်းများ၊ ဝန်းကျင်လေထု ညစ်ညမ်းမှုကို လျော့ချနိုင်မည့် နည်းလမ်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူ များဖြင့် Online Talk Show များ၊ စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)