စေတုတ္တရာ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးသက်နိုင်နှင့် ဝန်ထမ်းများသည် အဖွဲ့ပိုင် မြို့မဈေးနှင့် ပန်းခြံဈေးတို့တွင် နံနက် ၈ နာရီ အချိန်မှစတင်၍ ဈေးရောင်းချသည့် ဈေးဆိုင်ခန်းရှင်များမှ ယနေ့ တနင်္လာနေ့တွင် ဈေးရောင်း ချရာတွင် ထုပ်ပိုးအသုံးပြုလျက်ရှိသော ပလပ်စတစ်အိတ် နှင့် ကျွတ်ကျွတ်အိတ် မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ကာ အစားထိုး ထုပ်ပိုးနိုင်သည့် အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက် စသည့် ထုပ်ပိုး လွယ်သည့် ပစ္စည်းများ လိုက်လံစစ်ဆေး ကြပ်မတ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)