စုကလိ ဇူလိုင် ၁၇
စုကလိမြို့သည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်သော မြို့တစ်မြို့ဖြစ်သည်။ တောင်ယာလုပ်ငန်းဖြစ်သည့် အစေ့ထုတ်ကော် ပြောင်းစိုက်ပျိုးခြင်း၊ တောင်ယာငရုပ်စိုက်ပျိုးခြင်း၊ ဒေသတွင်းဆန်စပါးဖူလုံမှုအတွက် တောင်ယာစပါးစိုက်ပျိုးခြင်းများအား အလေးထား စိုက်ပျိုးကြသော မြို့တစ်မြို့ဖြစ်သည်။
စုကလိမြို့ တာနောထကျေးရွာတွင် ဆန်စပါးစားသုံးမှု ဖူလုံရေးအတွက် ဧက ၅၀ ကျော်စိုက်ပျိုးထားပြီးဖြစ်သည်။ ဆန်စပါးဖူလုံမှုရရှိစေရေးအပြင် ဒေသတွင်း အလုပ်အကိုင် အဆင်ပြေစေရန်အတွက် နေ့စားခများရယူပြီး စိုက်ပျိုးကြကြောင်း သိရသည်။
ပိုပိုအောင်