ကလေး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်ဗီနိုင်းဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် အဆိုပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတွာလ်ဆွင်းဗန်က အာဇာနည်နေ့အကြောင်း သိကောင်း စရာများနှင့် စာစီစာကုံးပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲကို စတင်ခဲ့သည်။
ထို့နောက် အာဇာနည်နေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)