ပန်းတောင်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်က ဒေါင်းမြတ်နားကျေးရွာ တောင်သူဒေါ်တင်ဝင်း၏ ကွင်းအမှတ်(၆၉)ဒေါင်းမြတ်နားကွင်း ဦးပိုင်(၄၃) GW11 မျိုးစပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရက ဒေသခံတောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူပညာပေး နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထွန်းနှင့်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်အတူ ဒေါင်းမြတ်နားကျေးရွာ တောင်သူဒေါ်တင်ဝင်း၏ GW11 နွေစပါးစိုက်ခင်း ( ၂.၆၄ )ဧကအား စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျမ်းမျှ စပါး ၁၁၇ ဒဿမ ၆၇ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)