ရွှေတောင် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါး၊ စားအုန်းဆီ၊ ဘဲဥများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ပြန်/ ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဝက်သား(၁) ပိဿာ (၁၀၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၄၀)ပိဿာ၊ အမဲသား ( ၁) ပိဿာ (၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၀)ပိဿာ စားအုန်းဆီ(၁) ပိဿာ (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂ ၄၀)ပိဿာ၊ ဘဲဥ (၁)လုံး( ၃၀၀)ကျပ်နှုန်းဖြင့်လုံး (၁၅၀၀) လုံးတို့အား ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)