နတ်မောက်မြို့၌ မျို့းစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

နတ်မောက်  ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရောင်းချနိုင်ရေး၊ အရောင်းလိုင်စင်သက်တမ်းများ မကုန်ဆုံးစေရန် သက်တမ်းတိုးမြှင့်နိုင်စေရေးတို့အတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဇာအရောင်းဆိုင်ပိုင်ရှင်များအား မကွေးခရိုင် မျိုးစေ့တာဝန်ခံ၊ ပိုးမွှားတာဝန်ခံ၊ မြေအသုံးချရေးတာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဌာနဦးစီးမှူးတို့က စိုက်ပျိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့် မျိုးစေ့များ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများကို စားသောက်ကုန်ပစ္စည်းများနှင့် နီးကပ်စွာမထားရှိရန်၊ နေပူထဲတွင်မထားရှိရန်၊ မှတ်ပုံတင်ထားသောဆေးဝါးများ၊ သက်တမ်းလွန် ပိုးသတ်ဆေးများ ရောင်းဝယ်ခြင်းများမရှိစေရေးနှင့် အရည်အသွေးပြည့်မီမှုရှိ/ မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။

မူမူစန်း