နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပြုလုပ်ကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု မင်္ဂလာကုန်းကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမဆောင်၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က လူငယ်စကားဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးမှူးဒေါ်နှင့် အဆိုပါ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမိုးကျော် မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌဦးစိုးသိန်း ဥပ‌ဒေအကြံပေး ဒေါ်နန်းညွန့်ညွန့်ဆွေနှင့် ယင်းသင်တန်းကျောင်းမှ ကျောင်းသားလူငယ်လေးဦးတို့မှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်များနှင့် ပတ်သက်၍ ကိုယ်ခန္ဓာကျန်းမာရေး ဆိုးကျိုးများနှင့် စိတ်ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်ဆုံး ရှုံးမှုများနှင့် မူးယစ်ဆေးဝါးဥပဒေဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များ စသည့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ သိသင့်သိထိုက် သိမှတ်ဖွယ်ရာများအား ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး