(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊စာအုပ် စာစောင်နှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်( ၅)ရပ်ကွက် အခြေပညာအလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟော ပြောပွဲတွင် အလက( ၅) ကျောင်းအုပ်ဆရာကြီး ဦးဝင်းငြိမ်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ဆန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား အစဥ်မမေ့အပ်သင့်ပုံများ၊ လွတ်လပ်ရေး ကြိုးပမ်းမှုဆောင်ရွက်ချက်များနှင့် လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့က စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဥ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲခြင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် Online အသုံးပြုမှုဘေးအန္တရာယ်များအကြောင်းတို့ကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာ အုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို တက်ရောက်လာသူ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၁၇၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)